တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကျောက်ကညှာရွာမှ ပျူစောထီး ၁ ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ ကျောက်ကညှာရွာမှ ပျူစောထီး ကိုအောင်ထိုက် (ခ) ဝတုတ် ဆိုသူသည် နေအိမ်မှ ဥယျာဥ်ခြံထဲသို့သွားနေစဥ် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ အောင်ထိုက်သည် မကွေးတိုင်း ဇာတိဖြစ်ပြီး ကျောက်ဘညှာရွာမှ ရွာသူ နှင့် အိမ်ထောင်ကျပြီးနောက်မှာ ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်ကာ အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန်ပြီး ပျူစောထီး အဖွဲ့ဝင် ၁ ဦးဖြစ်လာသူ ဖြစ်ကြောင်း သိရှိရသည်။