နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NAGA PEOPLE’S DEFENCE FORCE) ဟာ စစ်အာဏာရှင်ကျဆုံးရေး၊ အမျိုးသားတန်းတူရေး နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ လက်အောက်ရှိ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain Of Command) အောက်မှာရှိတယ်လို့ သိရပါတယ်။
နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NAGA PEOPLE’S DEFENCE FORCE) က စစ်ရေးလှုပ်ရှားမှု မှာ နာဂဒေသတခုထဲမဟုတ်ဘဲ၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် တို့ပါဝင်ကာ၊ နာဂပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့အပေါ် အမြင်မရှင်းလင်းမှုကို ရှင်းပြခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။
နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မဟာမိတ်တွေနဲ့ ပူးပေါင်း စစ်ရေးဖော်ဆောင်တာတွေရှိနေပြီး၊ လုံခြုံရေးအခြေအနေအရ သတင်းမထုတ်ပြန်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီမှ နာဂလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ NSCN-AM နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီကို BGF တပ်ဖွဲ့ အဖြစ် ပြောင်းလဲရန် အကြိုညှိနှိုင်းနေပြီး၊ ရန်သူရဲ့ သွေးခွဲရန်တိုက် ပေးမှုကြောင့် နာဂလူမျိူးအချင်းချင်း သွေးထွက်သံယို ဖြစ်ပွားနိုင်မှုကို ရှောင်ရှား စေလိုတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြည်သူ့စစ် အသွင်ပြောင်းရန် ညှိနှိုင်းမှုနဲ့ ပက်သတ်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။