ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ကန်းညီနောင်အခြေစိုက် စစ်ကောင်စီ ခမရ-၃၅၆ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မတ် ၁၅ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ ၁၁ ယောက် သေဆုံးတယ်လို့ KNU က ဒီနေ့ထုတ်ပြန်ပါတယ်။
KNU တပ်မဟာ ၆ အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အဲ့ဒီ့တပ်ရင်းကို မတ် ၁၅ ရက် ည ၃ နာရီမှာ စတင်တိုက်ခိုက်ပြီးနောက် ည ၇ နာရီမှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ KNU ထုတ်ပြန်ချက်က ဆိုပါတယ်။
စခန်းသိမ်းပြီးနောက် သေနတ် ၁၀ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းမိခဲ့တယ် လို့ ဆိုပါတယ်။
အဲ့ဒီစခန်းသိမ်း တိုက်ခိုက်မှုမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရရှိခဲ့တယ် လို့ သိရပါတယ်။
KNU တပ်မဟာ ၆ အတွင်းက စစ်ကောင်စီစခန်းတွေကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း ရှိပါတယ်။