အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ပြင်သစ်အထက်လွှတ်တော်အမတ် Mr.Pascal Allizard တို့အကြား တွေ့ဆုံပြီး မြန်မာ့အရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင် တို့အဖွဲ့နဲ့ ပြင်သစ်အထက် လွှတ်တော်အမတ် Mr.Pascal Allizard တို့အကြား ပြင်သစ်အထက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က ပြင်သစ်အစိုးရအနေဖြင့် မြန်မာ့အရေးကို လက်တွေ့ကျသော အကူအညီပေးနိုင်ရန်နဲ့ တော်လှန်ရေးရဲ့တိုးတက်မှုအခြေအနေ၊ မြေပြင်အခြေ အနေများ အပါအဝင် မြန်မာ့အရေးပူးပေါင်းဆောင်ရွက်နိုင်မယ် နည်းလမ်းများနဲ့ ပက်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
ပြင်သစ်အထက် လွှတ်တော်အမတ် Mr.Pascal Allizard အနေနဲ့လည်း မြန်မာပြည်သူတွေဘက်က ဆက်လက်ရပ်တည်ပြီး ကူညီပံ့ပိုးသွားမှာဖြစ်ကြောင်းနဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ပါတယ်။
လွှတ်တော်အမတ်ဖြစ်သူ Mr.Pascal Allizard က ၂၀၂၁ ခုနှစ်၊ ပြင်သစ်အထက်လွှတ်တော်မှာ အမျိုးသားညီညွတ်ရေးအစိုးရကို ပြင်သစ်အစိုးရက အသိအမှတ်ပြုရေး ဦးဆောင်တင်သွင်းခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။