အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့ Special Advisory Council for Myanmar အဖွဲ့ delegation တို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဇွန် ၅ ရက် က ဝါရှင်တန်ဒီစီမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ Ms. Yanghee Lee နဲ့ Mr. Chris Sidoti ခေါင်းဆောင်သော Delegation က ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ လက်ရှိ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများ၊ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ SAC-M ရဲ့ Briefing paper – Effective Control in Myanmar 2024 အကြောင်းကို ဆွေးနွေးခဲ့ကြ ပါတယ်။
ဒါအပြင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေအကြောင်းကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။