ပြီးခဲ့သည့်မတ်လအတွင်း နိုင်ငံတဝန်း စစ်ကောင်စီတပ််နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက််ပွဲများအရှိန်မြင့်တက်ခဲ့ပြီး နေရပ်စွန့််ခွာရသူဦးရေ ၂ ဒသမ ၈ သန်းကျော်် ရှိခဲ့ပြီိဟု သိရသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင််ရာညှိနှိုင်းရေးရုံး(OCHA)၏ နောက်ဆုံးထွက်(ဧပြီ ၅ ရက်ထုတ်)အစီရင်ခံစာအရ နေရပ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်မှာ စံချိန်တင်မြင့်တက်လျက်ရှိပြီး အထက်ပါအရေအတွက်အနက် ၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာရသူမှာ ၂ ဒသမ ၅ သန်းကျော် ပါဝင််သည်။
ရက္ခိုင်ပြည်နယ်၌ စစ်ကောင်စီတပ််၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူနေရပ်ကွက်များအတွင်း ကျရောက်ထိမှန်သည့် ဖြစ်စဉ်များအပါအဝင် အရပ်သားပြည်သူများမှာ အသက်ဆုံးရှုံးခြင်း၊ ထိခိုက််ဒဏ်ရာရခြင်းနှင့် နေအိမ််မီးလောင်ပျက်စီိးဆုံးရှုံးမှုများကို ခံစားကြုံတွေ့ခဲ့ရသည်။ ယင်းအခြေအနေများကြောင့် ရှိရင်းစွဲအခြေအနေကပင် ဆိုးရွားလျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ပိုမိုဆိုးရွားလာစေကြောင်း OCHA က ဖော်ပြသည်
အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်သဖြင့် ရက္ခိုင်ပြည်နယ်ရှိ အိုးအိမ်စွန့်ခွာရသူများစွာတို့သည် သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရပြီဖြစ်ပြီး လေပြင်းမုန်တိုင်း ရာသီအမီ အမိုးအကာထောက်ပံ့ကူညီမှုပေးရန် အရေးကြီးကြောင်း OCHA က ဆိုသည်။ စစ်ကောင်စီတပ််၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့်် နေရာများစွာတို့၌ ကုန်ဈေးနှုန်းများခေါင်ခိုက်လာခြင်းနှင့် ဝယ်မရဖြစ်လာခြင်းတို့ဖြစ်ပေါ်ကာ စားနပ်ရိက္ခာမဖူလုံခြင်းမှာလည်း လွန်စွာရတက်မအေးစရာဖြစ်နေသည်။
ထို့အပြင် ကချင်ပြည်နယ်၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က မတ်လ(၇)ရက် ထိုးစစ်စတင်ခဲ့စဉ်မှစ၍ လူဦးရေ ၁၈,၀၀၀ ကျော်မှာ (၁၀) မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာတိမ်းရှောင်လျက်ရှိသည်ဟု OCHA က ဖော်ပြသည်။
နိုင်ငံအနောက်မြောက်ဖက်တွင် ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၌ အရပ်သားများအပေါ် ပြင်းထန်စွာထိခိုက်လျက်ရှိပြီး ဖေဖော်ဝါရီလနှောင်းပိုင်းမှ စတင်သော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲများကြောင့် ခန့်မှန်းခြေ အရပ်သား ၂၈,၀၀၀ ခန့် အိုးအိမ်စွန့်ခွာခဲ့ရကြောင််း OCHA က ဆိုသည်။
OCHA ၏ စာရင်းပြုစုမှုအရ စစ််အာဏာသိမ်းမှုအပြီး နေ့ရပ်စွန့်ခွာရသူဦးရေမှာ ၂ ဒသမ ၅ သန်းကျော်ဟု ဖော််ပြသော်လည်း ဒေသအလိုက် မြေပြင်ကူညီိကယ်ဆယ်ရေးဆောင်ရွက်နေသူများ၊ ဒေသအခြေစိုက်အဖွဲ့များ၏ ထုတ်ဖော်ပြောကြားမှု၊ ထုတ်ပြန်ချက်များအရ OCHA ၏ စာရင်းထက် များပြားနေသည်ကို တွေ့ရသည််။ ဥပမာအားဖြင့် ကရင််ပြည်နယ်တွင် OCHA က နေရပ်စွန့်ခွာရသူ ၂၅၀,၀၀၀ ကျော် ရှိသည်ဟု ဖော်ပြသော်လည််း ကရင်အမျိုးသားအစည််းအရုံး(KNU)ပြောရေးဆိုခွင့်ရှိိသူ ပဒိုစောတောနီးက ပြည်နယ်အတွင််း နေရပ််စွန့်ခွာရသူ ၇၅၀,၀၀၀ ကျော််ရှိပြီဟု ပြောဆိုထားသည်။
ကရင်နီပြည်တွင် စစ်ကောင်စီတပ် အန္တရာယ်နှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ပြည်သူ ၂၈၂,၀၀၀ ကျော်ရှိသည်။ ကရင်နီပြည်အတွင်း စစ်ကောင်စီ က ဒေသခံပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု များကြောင့် ပြည်သူများ အသက်အိုးအိမ် ထိခိုက်နစ်နာမှုများစွာ ရင်ဆိုင်ခံစားနေရသည့်အပြင် အလှူရှင်များ နည်းပါးလာမှုနှင့် ကုန်စျေးနှုန်း မြင့်တက်လာမှုတို့ကြောင့် စားဝတ်နေရေး အခက်အခဲများစွာ စိန်ခေါ်မှုများစွာ ကို ရင်ဆိုင်ခံစားနေရကြောင်း KnHRG က အသိပေးသည်။