နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ကို ပျံလွန်တော်မူသည်အထိ စစ်တပ်က ပစ်ခတ်မှုသည် စစ်ကောင်စီက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ပြင်းပြင်း ထန်ထန်ရှုတ်ချ ကြောင်း ယနေ့ ညပိုင်း ကြေညာချက်ထုတ်ပြန်သည်။
ဇွန်လ ၁၉ ရက်နေ့ နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်း လိုက်ပါလာသောကားကို ငါန်းဇွန် – မြို့သာလမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်ဖွဲ့ဝင်များက ပစ်ခတ်သတ် ဖြတ်ခဲ့ခြင်းကြောင့် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်ဘုရားနှင့် ကားတစ်စီးတည်း အတူလိုက်ပါခဲ့သူ ကန်သုံးဆင့် ဆရာတော်ဘုရား၏ မိန့်ကြားချက် အရ သိရှိရသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လွန်စွာ ဝမ်းနည်းကြေကွဲ ရသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီက အကြမ်းဖက် စစ်ရာဇဝတ်မှုတစ်ခုကို ဗြောင်ကျကျ ကျူးလွန်ခဲ့ရုံမက အမှန်ကို ဝန်မခံခြင်း၊ နိုင်ငံနှင့် ပြည်သူကို လိမ်ညာလှည့်ဖျား၍ သတင်းထုတ်ပြန်ခြင်း၊ မသက်ဆိုင်သူကို အပြစ်လွှဲချခြင်းသည် အကြမ်းဖက် စစ်ကောင် စီ ၏ အရှက် သိက္ခာ ကင်းမဲ့သော အပြုအမူများ ဖြစ်သည့်အတွက် ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချ ကြောင်း NUG က သတင်းထုတ်ပြန်ထားသည်။