နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်မြောက် မွေးနေ့အထိမ်း အမှတ်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုရောက် တော်လှန်ပြည်သူတွေက လမ်းလျှောက်ပွဲ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် ဇွန် ၁၉ ရက်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်မြောက် မွေးနေ့ဖြစ်ပြီးတော့ အမေရိကန်ပြည်ထောင်စု ၊ Long Beach မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
“မနက်ဖြန်မနက် Long Beach မှာကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လမ်းလျှောက် ချီတက်ပွဲအတွက် စာရင်းပေးသွင်းကြသူပေါင်း ၄၀၀ ကျော်ပါပြီ။” လို့ ပွဲစီစဉ်သူ တစ်ဦးက ပြောပါတယ်။
အဆိုပါ လမ်းလျှောက်ပွဲကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ မတရားဖမ်းဆီးညှင်းပန်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းများကို မမေ့မလျော့ဘဲ ဂုဏ်ပြုတဲ့ အစီအစဉ်ဖြစ်တယ်လို့လည်း သိရပါတယ်။