စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်သပိတ်၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ အမျိုးသမီးမဟာမိတ်အင်အားစုတို့ပူးပေါင်းပြီး “နိုင်ငံမလွတ်မြောက်သရွေ့ လွတ်ငြိမ်းမဟုတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တော်လှန်ရေးချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ဒေသခံ ပ.အ.ဖ၊ ပ.က.ဖ၊ ပ.လ.ဖအဖွဲ့နဲ့ SSTF တို့က လုံခြုံရေးယူပေးခဲ့ကြတယ်လို့ သိရပါတယ်။