မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် နိုင်ငံရေး အကျဥ်းသားများ ထောင်ဝင်စာ တွေ့ခွင့်ရရှိရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများသည် COVID-19 ကပ်ရောဂါကို အကြောင်းပြခံရ၍ ထောင်ဝင်စာ တွေ့ဆုံခွင့်များ ဆုံးရှုံးနေကြောင်း၊ ထို့ကြောင့် Political Prisoners Network – Myanmar မှ ပြုလုပ်သော နိုင်ငံရေးအကျဉ်းသားများရဲ့ အခွင့်အရေးအရ ထောင်ဝင်စာတွေ့ဆုံခွင့်ရရှိရေး လှုပ်ရှားမှုတရပ်၌ ကျွန်ုပ်တို့ တို့ဗမာပြည်သူအားလုံး ပါဝင်ပေးနိုင်ကြရန် နှိုးဆော်ထားသည်။
NUG အပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှလည်း တတ်နိုင်သည့် ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းထားသည်။