လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ ကဗျာဆရာများ၊ နာမည်ကြီး ကဗျာကလောင်ရှင်များ ရေးစပ်ထားတဲ့ “နိုင်ငံအမှားထဲ မွေးလာကြသူများ” ဆိုတဲ့ တော်လှန်ရေး ကဗျာစာအုပ်ကို အမေရိကန်၊ ဩစတေးလျ၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုးရီယားနဲ့ ထိုင်း စတဲ့ နိုင်ငံတွေမှာ ရောင်းချနေပြီလို့ သိရပါတယ်။
ကဗျာစာအုပ်ရောင်းရငွေများကို အညာဒေသရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင် အစရှိတဲ့ နေရာတွေကို ကူညီ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဝယ်ယူအားပေးချင်တဲ့သူတွေအနေနဲ့ “နိုင်ငံအမှားထဲ မွေးလာကြသူများ” ဆိုတဲ့ Facebook Page Messenger မှာ ဆက်သွယ် ဝယ်ယူနိုင်သလို နိုင်ငံအသီးသီးက ကိုယ်စားလှယ်များစာရင်းကိုလည်း Page မှာထုတ်ပြန်ထားတဲ့အတွက် ချိတ်ဆက်ဝယ်ယူနိုင်ပါတယ်” လို့ ကဗျာစာအုပ် စီစဉ်ထုတ်ဝေတဲ့ Art Rebel (အနုပညာသူပုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။