မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက နေရပ်စွန့်ခွါ စစ်ဘေးရှောင် ပြည်သူများအတွက် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ နဲ့ လူထု လှုပ်ရှားမှုကော်မတီ တောင်သာတို့မှ ပူးပေါင်းပြီး ငွေကျပ် ၂၅ သိန်း ၅သောင်းကျပ်ကို ထောက်ပံ့ပေးခဲ့တယ်လို့ လူထုလှုပ်ရှားမှု ကော်မတီ တောင်သာမှ ဒီနေ့ရက်စွဲနဲ့ အသိပေးထားပါတယ်။
အဆိုပါ ထောက်ပံ့ကူညီမှုကို တောင်သာမြို့နယ် (ပအဖ)၊ (ပကဖ) ၊မြင်းခြံမြို့နယ် (ပကဖ)၊ မြင်းခြံခရိုင် တပ်ရင်းအမှတ်(၁)၊ တပ်ရင်းအမှတ် (၃)၊တပ်ရင်းအမှတ် (၈)တိုနဲ့ အတူ စုပေါင်းထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။