ကရင်နီပြည် ဖရူဆိုမြိုနယ်၊ ငွေတောင်ရွာသစ်ကျေးရွာအတွင်း က နေအိမ်ခြံဝန်းကို ပြန်လည်ဝင်ရောက်ရှင်းလင်းနေတဲ့ စစ်ရှောင်ပြည်သူတစ်ဦးကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လိုသိရပါတယ်။
ယမန်နေ့ မွန်လွဲပိုင်း ၃နာရီခန့်မှာ စစ်ကောင်စီဘက်ရဲ့ လက်နက်ကြီး ၃ လုံးအထိ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ကြီးကြီးမားမား ထိခိုက်မိတာမျိုးမရှိဘူးလို သိရပါတယ်။
အဆိုပါ ၅၃ နှစ်အရွယ် စစ်ရှောင်အမျိုးသားဟာ စိုက်ပျိုးရာသီ မှာ သီးနှံတွေကို ပြန်လည်စိုက်ပျိုးနိုင်အောင် လူမနေတော့တဲ့ ကျေးရွာက နေအိမ်ခြံဝန်းကို လာရောက်ရှင်းလင်းတာဖြစ်ပါတယ်။
အဆိုပါ ငွေတောင်ရွာသစ်ကျေးရွာမှာ လူနေအိမ် ၉၅ လုံးရှိပြီး ယခင်နှစ်တွေမှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ မီးရှိဖျက်ဆီးမှုကြောင့် နေအိမ် အလုံး ၃၀ ကျော် ပျက်စီးသွားခဲ့ရပါတယ်။