ရှမ်းပြည်မြောက်ပိုင်း ၊နောင်ချိုမြို့နယ် ၊ သုံးဆယ်ရွာထဲ ဒီနေ့ နေ့ခင်းပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ အမျိုးသား ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံသိရပါတယ်။
သုံးဆယ်ရွာမှာ တိုက်ပွဲမဖြစ်ဘဲ နေ့ခင်းပိုင်း ၁ နာရီဝန်းကျင်က လက်နက်ကြီးကျတာလို့ ဒေသခံတွေက ပြောပါတယ်။ “ရွာဘက်မှာ တိုက်ပွဲမဖြစ်တာကြာပါပြီ “လို့ ဒေသခံက ပြောပါတယ်။
လက်နက်ကြီး ထိမှန် သေဆုံးသူ ၃ ဦးဟာ ဒေသခံအမျိုးသားတွေဖြစ်ကြပြီး ကျေးရွာတာဝန်ရှိတွေကပဲ သဂြိုဟ်ပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်။
လက်နက်ကြီးအန္တရာယ်ကြောင့် သုံးဆယ်ရွာ ဒေသခံတွေလည်း တိမ်းရှောင်နေကြရပါတယ်။
သုံးဆယ်ကျေးရွာဟာ နောင်ချိုမြို့ပေါ်နဲ့ မိုင် ၂၀ ကျော်ဝေးပြီး မိုးကုတ် -အုမ္မသီးလမ်းနဲ့ ၆မိုင်ကွာဝေးပါတယ်။