ရှမ်းပြည်တောင်ပိုင်း၊ နောင်မွန်မြိုမှာ ဆီဆိုင်မြိုက စစ်ဘေးရှောင်နေတဲ့ လင်မယားကို ဖမ်းထားပြီး ငွေတောင်းရာက ပြန်မလွှတ်တော့ဘဲ တပ်ထဲထည့်လိုက်ပြီလို မိသားစုကိုပြောကာ ဆက်သွယ်မေးမြန်း တဲ့ ဖုန်းတွေကိုလည်း ပိတ်ထားတယ်လို မိသားစုဆီက သိရပါတယ်။
မတ်လ ၄ ရက် ညပိုင်းက ဆီဆိုင်မြို၊ အောင်ချမ်းသာရပ်ရွက်ကနေ နောင်မွန်မြိုကို စစ်ရှောင်နေတဲ့ လင်မယား ၂ ဦး မုန့်ထွက်ဝယ်တာကို မြိုလုံခြုံရေးအဖွဲက လွယ်အိပ်ထဲ လေးဂွပါလိုဆိုပြီး ဖမ်းထားကာ ကျပ် ၅ သောင်းတောင်းတယ်လို ဆိုပါတယ်။
မိသားစုက ညက သူတိုတောင်းတဲ့ ကျပ် ၅ သောင်းကို လွှပေးပြီး မနက်ကျ ပြန်မလွှတ်လို မေးတော့ ၃ သိန်းပေးမှ လွှတ်နိုင်မယ်ပြောလို မိသားစုမှာလည်း စစ်ရှောင်နေရတာဖြစ်လို မရှိဘူးတောင်းပန်ပေမယ့် မလွှတ်ပေးဘူးလို သိရပါတယ်။
ညနေ ၃ နာရီခန့်မှ မိန်းမကိုတော့အသက်မပြည့်လိုဆိုပြီး ပြန်လွှတ်ပေးကာ ယောကျ်ားဖြစ်သူကို ဗိုလ်ကြီးဖြစ်သူခေါ်သွားပြီဆိုပြီး မိသားစုနဲ့ဆက်သွယ်တဲ့ဖုန်းကိုလည်း Block ထားလိုက်လို ဆက်သွယ်လိုမရတော့ဘူးလို သိရပါတယ်။
နောင်မွန်ကျးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီး မေးမြန်းတဲ့အခါ အုပ်မှူးက သူတိုနယ်တဝိုက်မှာ လူသတ်မှုတစ်ခု ဖြစ်ထားလိုဖမ်းကြောင်း စုံစမ်းပြီးလိုအကြောင်းထူးရင်ပြန်ပြောမယ်လို ပြောကြောင်း မိသားစုဆီသိရပါတယ်။
အဲလိုဖမ်းထားတဲ့လူငယ်တွေ အများကြီးရှိနေပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၄ ရက်က ဆီဆိုင်မြို ဟိုခဲရပ်ကွက်က အောင်မြတ်ကျော် ၃၁ နှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်က ဆီဆိုင်မြို အောင်ချမ်းသာရပ်ကွက်က ခွန်သန်းအောင် ၁၉ နှစ် တွေလည်း ဖမ်းခံထားရပြီး မိသားစုနဲ့ အဆက်သွယ်ပြတ်နေတယ်လို သိရပါတယ်။