မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး -မြို့သာလမ်းပိုင်း၌ စစ်ဆေးမှုမခံပဲ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ဒုရုဲအုပ်တစ်ဦးသေဆုံးသွားကြောင်း နွားထိုးကြီး PDF ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က နွားထိုးကြီး -မြို့သာလမ်းပိုင်းကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်- ၄ တပ်ရင်းမှ ရှောင်တခင် စစ်ဆေးရာ နွားထိုးကြီးမြို့ဘက်မှ ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို ရပ်တန့်ခိုင်းရာ စစ်ဆေးမှု မခံပဲ ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာသေဆုံးသွားကြောင်း သိရသည်။
စစ်ဆေးမခံပဲ ထွက်ပြေးသွားသူမှာ ဝက်လူးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းဝင်း ဖြစ်ပြီး ဆိုင် အတွင်းမှ စာရွက်စာတမ်းအချို့နှင့် ၎င်းကိုင်ဆောင်သည့် ဖုန်းကို သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုး ကြီး PDF က ထုတ်ပြန်ထားသည်။