မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အိမ်စီးကားများဖြင့် ခိုးဝှက်သွားလာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ ညအချိန် ခရီးသွားလာခြင်း မပြုလုပ်ရန် နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ယနေ့ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နွားထိုးကြီးမြို့နယ်ရှိ မြင်းခြံ -မြစ်သားလမ်းလမ်းပိုင်း၊ နွားထိုးကြီး -မြို့သာလမ်းပိုင်း၊ နွားထိုး ကြီး -တောင်သာလမ်းပိုင်း၊ နွားထိုးကြီး -မလှိုင်လမ်းပိုင်းတို့ကို ည ၉ နာရီမှ နံနက် ၄ နာရီ အထိ ပိတ်ပင်ထားကြောင်း သိရသည်။
“ခရီးသည်ကား ၊ အိမ်စီးကား၊ ကုန်ကားတွေနဲ့ စစ်အုပ်စုက ခိုးလိုက်နေတာမို့ မတိုက်ခိုက်လိုက်ရဘဲ လွတ်သွားတာတွေရှိတယ်။ ပြည်သူတွေ ကား ထင်ပြီး မတိုက်ခိုက်ဘဲ လွှတ်ပေးလိုက်ရတာ အဲဒါကြောင့် သတ်မှတ်ချိန်က မှောင်တဲ့အချိန် ဆိုတော့ အလိုလိုလာတဲ့ ကားတွေကို တိုက်ခိုက်မှာမို့ပါ” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မောင်းနှင်ရမည့် သတ်မှတ်ချိန် ည ၉ နာရီမှ နံနက် ၄ နာရီခန့် အထိမောင်းနှင်ကြသော ကုန်ကားများ အနေဖြင့်လည်း မိုးကာ မအုပ်ပဲ မောင်းနှင်ကြရန်၊ ကျန်ကားများ အားလုံး မှန်ချမောင်းနှင်ပေးကြ ရန်နှင့် ညပိုင်း မီးဖွင့်မောင်းနှင် ပေးကြရန် အသိပေးထားသည်။