မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာနှင့် ဖျက်ခူးကျေးရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင် ၂ ခုကိုမ မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF ထံမှ သိရ သည်။
ဒီဇင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာကို စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို လည်းကောင်း၊ မွန်းတည့် ၁၂ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ဖက်ခူးကျေးရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို လည်းကောင်း မိုင်းခွဲပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သည်။