“နွေဦးအိမ်ပြန်လမ်း” လူထုလှုပ်ရှားမှုရဲ့ “တော်လှန်ပြည်သူစာနာမှုအကူ” Fundraising Campaign ဒီကနေ့စတင် တင်လိုက်ပြိလို့ သိရပါတယ်။
ပြည်သူလူထုအနေနဲ့ရှမ်းမြောက်အပါအ၀င်စာနာမှုအကူ လိုအပ်နေတဲ့ နေရာဒေသတွေက ပြည်သူတွေအတွက် မိမိတို့ တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးခြင်းနဲ့ ပြည်သူကနေ ပြည်သူကို သွေးစည်းညီညွတ်ကြောင်း တသားထဲရှိကြောင်း ပြသပေးနိင်ကြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
Campaign ကာလကတော့ ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ တလ ကြာမြင့်မှာ ဖြစ်ပြီး ပြည်တွင်းကပြည်သူတွေအနေနဲ့ လက်မှတ် တစောင်ကို မြန်မာ ကျပ်ငွေ 15000 ကျပ်၊ နိုင်ငံတကာရောက် ပြည်သူတွေ အနေနဲ့ အမေရိကန် ဒေါ်လာ $5 သက်ဆိုင်ရာ နိုင်ငံအသီးသီးက currency တွေနဲ့လည်း ပါဝင်နိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။
Campaign ကာလ ပြီးမြောက်ချိန် မှာ လက်မှတ်၀ယ်ယူထားကြတဲ့ ပြည်သူတွေအတွက် ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေး ခေါင်းဆာင်တွေ၊ အနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေရဲ့ အမှတ်တရ ပစ္စည်းတွေ၊ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပန်းချီ လက်ရာတွေကို “နွေဦးအိမ်ပြန်လမ်း” အမှတ်တရ အဖြစ် မဲဖောက် ပေးသွားမှာ ဖြစ်လို့ အားလုံးပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ထားတာတွေ့ရပါတယ်။
အားလုံး အိမ်ပြန်လက်မှတ်တွေဝယ်ပြီး မကြာခင်အိမ်ပြန်ကြမယ် လို့ ဆိုပါတယ်။