ဒီနေ့မှာကျရောက်တဲ့ နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု ၂ နှစ်ပြည့်နေ့မှာ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂက ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အဲဲဒီအမျိုးသမီးထုလှုပ်ရှားမှုအတွင်း တော်လှန်ရေးတပ်ဦးမှာ အမျိုးသမီးထုတွေ ဦးဆောင်ပါဝင်လာကြဖို့ တိုက်တွန်းလှုံ့ဆော်တဲ့အနေနဲ့ “ဒို့အမျိုးသမီးတွေ အရှေ့ထွက်၊ အာဏာရှင်စနစ်ကို တိုက်ဖျက်” ဘန်နာကိုင်ဆောင်ကာ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။