မကွေးတိုင်း၊ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၆ ရဲဘော်များက တပ်ရင်း ရိက္ခာ ဖူလုံရေးအတွက် မြေပဲစိုက်ပျိုးရင်း အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရ သည်။
ယနေ့မေလ ၂၀ ရက် နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးခရီး အဆုံးထိသွားနိုင်ရန် ရိက္ခာ လိုကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း ပင်ပန်းနေပြီဖြစ်သဖြင့် တပ်ရင်းအတွက် ရိက္ခာအလုံအ လောက် ရရှိရန် ရာသီပေါ် သီးနှံများ စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။