အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပခုက္ကူခရိုင် အမှတ်(၁၁)တပ်ရင်း၊ ပြည်သူ့စွမ်းအား တပ်ပေါင်းစုရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို ဩဂုတ်လ(၂၃) ရက်နေ့က ကျင်းပခဲ့ပါတယ်။
စစ်သင်တန်းဆင်းပွဲကို ပခုက္ကူခရိုင်အမှတ်(၁၁) တပ်ရင်း၊ တပ်ခွဲ(၄) မှာပြုလုပ်ခဲ့တာဖြစ်ပြီး ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေ၊ ညီနောင်မဟာမိတ်တွေ၊ရပ်ကျေး ပ.အ.ဖတွေ၊ ရပ်မိရပ်ဖတွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။