ပခုက္ကူမြို့နယ်ကျေးရွာတစ်ရွာတွင် ပခုက္ကူလူထုတိုက်ပွဲကော်မတီ PPRC နှင့် ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တို့ပူးပေါင်းကာ တော်လှန်လူထု အသိပညာပေး၊ဖျော်ဖြေမှု အစီအစဉ်ပြုလုပ်ခဲ့ကြသည်။
တော်လှန်လူထုဟောပြောမှုအနေနှင့် လက်ရှိတော်လှန်ရေးရေချိန်၊တော်လှန်ရေးလှုံ့ဆော်မှုအကြောင်းအရာများ၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ဆွေးနွေဟောပြောမှုများနှင့် တော်လှန်ရေးကိုပြည်သူများမဆုပ်မနစ်ဆက်လက်ပါဝင်ပေးကြရေးတို့အား ပခုက္ကူလူထုတိုက်ပွဲကော်မတီဦးဆောင်သူနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ မှဟောပြောဆွေးနွေးခဲ့ကြပြီး ပခုက္ကူခရိုင်တပ်ရင်း(၈) မှလုံခြုံရေးယူဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။