မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ခွဲ ၂ ကတပ်ဖွဲ့ပေါင်း ၈ ဖွဲ့ရဲ့ ရဲဘော် ၃၅ ဦးကို တလနီးပါး မွမ်းမံသင်တန်းပေးခဲ့တယ်လို့ Young Force – UG အဖွဲ့ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက မွမ်းမံသင်တန်းဖွင့်ကာ စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၁ လနီးပါးအကြာ ဇန်နဝါရီ ၁၃ ရက်မှာ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်၍ စစ်လက်နက်ပစ္စည်းတွေလည်း ပေးခဲ့တယ်လို့ Young Force – UG ရဲဘော် ဝိုင်ပီက ပြောပါတယ်။
သင်တန်းဆင်းပွဲကို မကွေးတိုင်း စိုးမိုးနယ်တခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းမှာ အခြေခံစစ်သင်တန်း တက်ရောက်ပြီးသား ရဲဘော်တွေကို တဆင့်မြှင့်အနေနဲ့ ပို့ချတာဖြစ်ပြီး ရဲမေတွေ ပါဝင်တာမရှိဘူးလို့ သူကဆက်ပြောပါတယ်။