ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ ယာဉ်တန်းမှ သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို စစ်ဘေးရှောင် ပြည်သူများထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုကို ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပကဖ တာ၀န်ရှိသူများ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၃ မှ တာ၀န်ရှိသူများက သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။