မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ် သားတွေ တပ်ဆွဲထားတဲ့ ဘုန်းကြီးကျောင်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တယ်လို့ Pakokku People Defense Force PPDFက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဥ်မှာ အရှေ့ချောက်ကံကျေးရွာရှိ ပြည်သူတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ အကြောင်းရင်းမရှိ စကားပြောဆိုနေကြတာကြောင့် တိုက်ခိုက်မှုမှာ များစွာအနှောက်အယှက် ဖြစ်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် နောက်နောင်ပြုလုပ်မယ့် တိုက်ခိုက်မှုဖြစ်စဥ်တွေမှာ အကြောင်းအရင်းမရှိအကြမ်းဖက်စစ်ကောင်စီ တပ်သားတွေနဲ့ ပတ်သတ်ဆက်နွယ်မှုရှိလာပါက တိုက်ခိုက်မှုလုပ်ငန်းစဥ်တွေကြောင့် ထိခိုက်မှုတွေ ရှိလာခဲ့ပါက တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ သတိပေး ထုတ်ပြန်ထားပါတယ်။