မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဝါဇီစက်ရုံကို လက်နက်ကြီး၊ ဒရုန်း များဖြင့် တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အဖြစ် ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ (လနစ) ဝါဇီ စက်ရုံကို တော်လှန်ရေး တပ်ဖွဲ့များက Short Range Missile ၂၇ လုံး၊ Drone များဖြင့် အဖွဲ့ငယ် ၄ ဖွဲ့ခွဲကာ ၀ိုင်း၀န် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့မှ ထုတ်လုပ်ထားသော Missile ၂၂ လုံး၊ ပခုက္ကူခရိုင် တပ်ရင်း ၈ တပ်ခွဲ ၁ မှ ထုတ်လုပ်ထားသော Missile ၅ လုံးတို့ဖြင့် ပစ်ခတ် ခဲ့သည့်အပြင် (လနစ) ၏ ပထမ ခံစစ်စည်းဖြစ်သော ချိုက်ကျေးရွာရှိ လက်နက်ကြီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိက်ခိုက်ခဲ့ပြီး လည်ကျင်းရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးအထိုင်နှင့် ကင်းပုန်းများကိုလည်း အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များဖြစ်သော ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်း၊ တပ်ခွဲ ၁ တို့နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် လနစ အတွင်း ထိခိုက် ပျက်စီးမှုများစွာရှိကာ အသေးစိတ် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။