မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သာများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကိုပိန်က ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်ရှိ ပန်းတိုင်းခြုံကျေးရွာ၌ စစ်ဆေးရေးဂိတ်ဖွင့်ကာ တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သားများကို RC Plane များဖြင့် ဗုံးသီး ၁၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သားများနေထိုင်ရာ ဝန်းအတွင်းတည့်မတ်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
“ပခုက္ကူ – ရေစကြိုလမ်းမပေါ်ရှိတဲ့ဂိတ်ပါ၊ စစ်ခွေးအင်အားကတော့ နည်းနည်းများသေးတယ်၊ ဗုံးသီး ၁၅ လုံးချခဲတာ၊ သူတို့နေထိုင်အဝန်းအဝိုင်းအတွင်းတော့ ကျရောက်ပေါက်ကွဲမှုရှိခဲ့တယ်၊ ခွေးသေ ထိခိုက်မှုကတော့ စုံစမ်းလို့မရသေးဘူး၊ ဗုံးကျကွဲပြီးတော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်၊ လက်နက်ကြီးနဲ့ပစ်တာတော့ မရှိဘူး၊ လက်နက်ငယ်ကတော့ ကျနော်တို့ဆီမရောက်ဘူး၊ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကိုပိန်က ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပ.က.ဖ)၊ ပခုက္ကူမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Young Force – UG ၊ ပခုက္ကူမြို့ နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၂ – Thurain- TR ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ – Pakokku Underground Force ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၂ – Black Cheetah ၊ ပခုက္ကူမြို့ နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ ၂ – Pakokku Ranger ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၂ – Taty Gyi နှင့် ပခုက္ကူမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ – Shwe Nyar Myae တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။