မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်ရှိ ထောင်နှင့် ချီသော စစ်ဘေးရှောင် ပြည်သူများ ဆေးဝါး၊ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်း ၄ ကြောင်းဖြင့် စီးနင်းနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတာ ၁၀ ရက်ဝန်းကျင်ရှိသွားပြီ စစ်ကြောင်းက ၄ ကြောင်းလောက် ထိုးနေတာ ပခုက္ကူမှာရော ရေစကြိုနယ်မှာရော မြိုင်နယ်မှာရော ပြည်သူတွေ အကုန်ပြေးနေရတာ” ဟု Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
စစ်ဘေးရှောင် ပြည်သူများကို လှူဒါန်းလိုသော ပြည်သူများ အနေဖြင့် Shwe Nyar Myae PDF ၏ https://www.facebook.com/profile.php?id=100081847857427… Facebook Page ကို ဆက်သွယ်ပြီး NUGPay ၊ KPay ၊ WavePay တို့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။