မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မေလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ပခုက္ကူမြို့နယ်၊ အင်ပင်ရွာရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
တော်လှန်ရေး ရဲဘော်များက မြေပြင်မှ ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်နေချိန်တွင် Earthquake people’s Defense Force ၏ (Drone Team)က ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များအထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Earthquake People`s Defense Force၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပကဖ တပ်ရင်း ၂ တပ်ခွဲ ၁ နှင့် Middle Revolution Task Force – MRTF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။