ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲနဲ့ ဆင်ဖြူရှင်တံတား ကြား ပခုက္ကူ-မန္တလေး ကားလမ်းပိုင်းမှာ စစ်ရေးအရှိန်
မြင့်မားလာနိုင်တဲ့ အခြေနေရှိသေးလို့ သွားလာခွင့်ကို ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)က ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါလမ်းပိုင်းကို ဇွန် ၂၇ရက်ကစပြီး ခေတ္တယာယီပိတ်ထားမှာဖြစ်ပြီး ခရီးသွားပြည်သူတွေအနေ့နဲ့ သွားလာခြင်းမပြုလုပ်ကြဖို့ အရေးပေါ် သတိပေးချက်အဖြစ် ထုတ်ပြန်ထားပါတယ်။