မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးနိုင်ကြောင်း Yuong Force UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၁၅ ရက် နေ့လည်ပိုင်း ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် မိုင်းဆွဲခံရမှုကြောင့် စစ် ကူပေးရန် ပခုက္ကူမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက်စစ်သား အများအပြားလိုက်ပါလာသည့် စစ် ကားအကြီးတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အတွဲလိုက် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီး ပါးပေါ်တွင် ပလက်လန် လဲကျကာ အခြားစစ်သားများလည်း ထိခိုက်ဒဏ်ရာရရှိပြီး အော်ဟစ်ဆဲဆိုနေကြောင်း သိရသည်။
“စစ်ကားအကြီးဗျ၊ဆန္ဒပြတုန်းက သုံးတဲ့ ရဲဒိုင်းပုံတွေကာထားတဲ့ကားကြီးကို ဆွဲတာ၊ ကားပေါ်မှာ ခွေး အင်အားတော့များတယ်၊ ဒီနေ့က ပခုက္ကူ – ရေစကြိုလမ်းမပေါ်မှာပဲ ရေစကြိုအဖွဲ့တွေလား မသိဘူး၊ မိုင်းဆွဲသေးတယ်၊ အဲလိုဆွဲခံရတော့ ပခုက္ကူမြို့ထဲကနေ ထွက်လာတာ၊ ထွက်လာတဲ့အချိန်မှာ ကျနော် တို့က ကြားကနေဖြတ်ပြီးမိုင်းဆွဲတာ၊ ကားကတော့ မိုင်းဆွဲပြီးပြီးချင်းရပ်သွားတယ်၊ ရပ်သွားတဲ့ချိန်မှာ ရမ်းသမ်းပစ်တယ်၊ ၃ ဦးတော့ နောက်ကိုလန်သွားတယ်၊ လမ်းသွားလမ်းလာတွေ တွေ့တာကျတော့ လည်း ၃ ယောက်က ပက်လက်ကြီးပါတယ်၊ ကျန်တဲ့သူတွေကလည်း ပတ်တီးတွေစည်းပြီးတော့ အော်ဟစ် ဆဲဆိုရင်းပါသွားတယ်လို့ ပြောတာ၊” Yuong Force UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ ၂ (Shwe Nyar Myae PDF နှင့် Young Force (UG) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာစစ်သားများကို တင်ဆောင်ကာ ပန်းတိုင်းခြုံ စစ် ဂိတ်ထဲသို့ ဝင်ရောက်သွားကြောင်း၊ ပခုက္ကူ- ရေစကြိုလမ်းပိုင်းတွင် အကြမ်းဖက်စစ်သားအများအပြား အင်အားဖြည့်တင်းထားသဖြင့် အထူးဂရုစိုက်သွားလာနေထိုင်ကြပါရန် Young Force – UG အဖွဲ့မှ အသိ ပေးထားသည်။