စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်းများသို့ ထောက်ပံ့ငွေများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်မှ ယနေ့ နံနက်ပိုင်းတွင် သွားရောက်ပေးအပ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကျေးရွာချင်းဆက်လမ်းပိုင်း ပြုပြင်ပြီးစီးမှုအခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အလားတူ ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်လူသားစာနာတာဝန်ခံနှင့် မြို့နယ်ဆက်သွယ်ရေးတာဝန်ခံတို့သည် ကောလင်းမြို့နယ်နှင့်၊ ဝန်းသိုမြို့နယ်များမှ စစ်ဘေးရှောင်များထားရှိသည့် စစ်ရှောင်စခန်းများသို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်း၊ နှစ်သိမ့်အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ် ထွက်ပြေးရင်း သေဆုံးခဲ့သော အမျိုးသမီး မိသားစုအတွက် မြို့နယ်လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။