စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာ တိုက်ပွဲမှာ ဒဏ်ရာရပြီး ကျဆုံးသွားတဲ့ ရဲအုပ် ရဲ့ စျာပန အခမ်းအနားကို ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့က ပန်းသာ တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ အမျိုးသား လွတ်မြောက်ရေး ရဲတပ်ဖွဲ့က ရဲအုပ် မင်းမင်းထွေး အသက် ၂၅ နှစ်ဟာ နိုဝင်ဘာ ၁၉ ရက်နေ့၊ မနက်ပိုင်းမှာ ဆေးကုသရင်း ကျဆုံးသွားတာလို့ သိရပါတယ်။
ရဲအုပ် မင်းမင်းထွေး ရဲ့ စျာပန အခမ်းအနားကို စစ်အခမ်းအနားနဲ့ ကျင်းပခဲ့ပြီး ဒေသခံ ပြည်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေ လိုက်လံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
တမူးမြို့ အဝင်က ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ “ပြည်တော်ဝင် စစ်ဆင်ရေး” အဖြစ် နိုဝင်ဘာ ၈ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်ထိ စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။