ပလက်ဝက အကြမ်းဖက် စစ်တပ်ရဲ့ ဗျူဟာကုန်းတွေနဲ့ တဝက်တပျက်သိမ်းဖို့ ကျန်နေတဲ့ စခန်းတွေကို AAဆက်လက်တိုက်ခိုက်နေတယ်လို့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ဖွဲ့ က “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၇) ရက်မြောက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ အဲဒီလို အသိပေးထုတ်ပြန်ထားတာပါ။
AAက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စခန်းတွေထဲမှာ ပလက်ဝက ချင်းလက်ဝစခန်း၊ မီးဝဗျူဟာကုန်း နဲ့ ပလက်ဝမြို့ရဲ့ အရှေ့မြောက်ဘက် မီတာ (၁၇၀၀) အကွာအဝေးမှာရှိတဲ့ ပွိင့် (၃၁၃) ကုန်း အပါအဝင် အခြား တစ်ဝက်တစ်ပျက် ကျန်ရှိနေသေးတဲ့ ရန်သူ့စခန်းကုန်းတွေကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရက္ခိုင်ဒေသ၊ ပလက်ဝဒေသ၊အတွင်း တိုက်ပွဲတွေမှာ ယခင်ရက်များ နည်းတူ ဆက်လက်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာနေရာတွေထဲက တစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့် မြိုနယ်အတွင်းမှာလည်း ရက်ဆက် (သိုမဟုတ်) တစ်ရက် ခြား တိုက်ပွဲတွေမှာ ဆက်တိုက်ရှိနေခဲ့တယ်လို့လည်း အသိပေးထားပါတယ်။