ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် ကုလားတန်မြစ်ကမ်းနားတွင် နေထိုင်တဲ့ ပြည်သူများသည် မုန်တိုင်းဒဏ်ခံ အဆောက်အဦး ဆိုင်ကလုန်းဂေဟာ(Cyclone shelter) သို့ ယနေ့ မေ ၁၃ ရက်မနက်တွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
“ဒီနေ့မနက်စပြီး အဲ့မှာ သွားနေခိုင်းတယ်၊ ရဲနဲ့ စစ်သားတွေက ဝိုင်းရွှေ့ပြောင်းပေးတယ်၊ စားစရာ၊ ရေတွေနဲ့ဆေးဝါးအပြည့်စုံကိုလည်း စစ်သားတွေက စီစဥ်ပေးထားတယ်”ဟု မုန်တိုင်းရှောင် ပြည်သူတစ်ဦးက ပြောပါတယ်။
ပလက်ဝမြို့ပေါ်ရှိ ဆိုင်ကလုန်ဂေဟာ(Cyclone shelter)သည် လူဦးရေ (၃၀၀၀)ကျော် ဆံ့ အဆောင်အဦးဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက် တွေ မုန်တိုင်းဒဏ်မခိုင်းသည့် လူနေအိမ်ရှိ ပြည်သူများကိုလည်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သိရှိရသည်။
အားအလွန်ကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါဝင် ၇ မြို့နယ်တွင် အနီရောင်ဒေသအဖြစ် သတ်မှတ်ပြီး၊ စစ်တွေမြို့နဲ့ ဆက်စပ်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း မိုခါမုန်းတိုင်းအန္တရာယ်ကျရောက်နိုင်ကြောင်း စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမူ ဦးစီးဌာနက ထုတ်ပြန်ထားသည်။