တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦး M16 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ပူရိယက္ခ ညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် စိုးနိုင်က KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းထံ အလင်းဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ် တပ်ဖွဲ့ဝင် စိုးနိုင်သည် M 16 အမျိုးအစား A1 သေနတ် ၁ လက်၊ 5.56 ကျည် ၁၇၁ တောင့် နှင့် ကျည်ဘောက် ၂ ခုတို့ ယူဆောင်လာသောကြောင့် ငွေကျပ် ၁၀ သိန်း ဆုငွေချီးမြှင့်ကာ နယ်မြေအတွင်း လွတ်လပ်စွာသွားလာခွင့်နှင့် ၎င်း၏ နေထိုင်စာသောက်ရေးများကို စီစဥ်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် သတင်းကြားသိပါက ဘေးကင်းရာအရပ်နှင့် လုံခြုံရာအရပ်တွင် နေထိုင်ပြီး အပြင်သွားလာခြင်းမပြုရန်နှင့် စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များသည် သက်ညှာခြင်းမရှိဘဲ ရှင်းပြခွင့်ပင် လက်မခံနိုင်သော အခြေအနေမျိုး ဖြစ်သောကြောင့် ဂရုစိုက်နေထိုင်သွားလာကြရန် ပူရိယက္ခ ညီနောင်စစ်ကြောင်းက အသိပေး ထုတ်ပြန်ထားသည်။