စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ အိုင်ရောင်းကျေးရွာမှာ မတော်တဆ မီးလောင်ကာ နေအိမ် ၁၁၅ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အိုင်ရောင်းကျေးရွာ မှာ ဧပြီ ၁၃ ရက်၊ နေ့လည် ၁၂ နာရီ မှ ညနေ ၆ နာရီအချိန်ထိ မီးကိုနိုင်နင်းအောင် မညှိမ်းသတ်နိုင်ခဲ့တဲ့အတွက် တ ရွာလုံးနီးပါးမီးလောင်ကျွမ်းခဲ့ကာ၊ သီးနှံ၊စပါး၊ပဲ၊ဂျုံ၊ကြက်သွန်ခင်း များ ဆုံးရှုံးသွားခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးမှ ဒီနေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
မီးလောင်ခဲ့တဲ့ ကျေးရွာသို့ မြို့နယ် ပအဖ၊ ပလဖ၊ လူသားစာနာ တာဝန်ခံတို့မှ သွားရောက်ကာ၊ လတ်တလော စား သောက်ရေး အတွက် မြို့နယ် အခွန်ခွဲတမ်းရငွေမှ ငွေသိန်း ၂၀ ထောက်ပံ့ခဲ့ တယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ မီးဘေးသင့်ပြည်သူများအတွက် အဝတ်အထည်၊ နေထိုင်၊စားသောက်ရေးအတွက် အခက်အခဲများရှိနေပြီး၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ ဆက်သွယ် ကူညီနိုင်တယ်လို့ ဖော်ပြထားပါတယ်။