စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်ရောင်းကျေးရွာ မီးဘေးသင့် နေအိမ် များအတွက် မျောတိုင် အလုံး ၂၂၀ ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။
ယင်းမာပင်ခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ပေးခဲ့တဲ့ ငွေ ကျပ် ၁၀ သိန်းကို၊ ပုလဲမြို့နယ် ပအဖ မှ မျောတိုင် ၂၂၀ ဝယ်ယူပြီး မနေ့က ပေးအပ်ခဲ့တယ်လို့ အသိပေးပါတယ်။
အိုင်ရောင်းကျေးရွာမှာ ဧပြီ ၁၃ ရက်က ၊ မတော်တဆ မီးလောင် ခဲ့မှုဟာ နေလည် ၁၂ နာရီ ခန့်မှ ညနေ ၆ နာရီ အချိန်ခန့်အထိ လောင်ကျွမ်းခဲ့ပြီး နေအိမ် ၁၁၅ လုံး နဲ့ စပါး၊ပဲ၊ဂျုံ၊ကြက်သွန် သီးနှံ စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ မြို့နယ် ပအဖက သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။