စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အခြေစိုက် သတင်းပြန်ကြားရေး စင်တာတွေ တာဝန်ရှိသူတွေကို ပုလဲမြို့နယ် မြို့နယ် လူသားစာနတာဝန်ခံ၊ ပအဖ တို့က ဆန်၊ ဆီ၊ ဖုန်းဘေလ်တို့ကို ဒုတိယ အကြိမ် ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက ဒီနေ့မှာ အသိပေးပါတယ်။
မြို့နယ် တော်လှန်ရေး တပ်ဖွဲ့များ၊ ဒေသခံများ အတွက် စစ်ရေး သတင်း၊ လေကြောင်းရန် ကာကွယ်ရေးသတင်း၊ သဘာဝဘေး အန္တရာယ် သတင်းနဲ့ အခြား အရေးကြီးသတင်းများ အချိန်ကိုက် ပေးပို့ နေတဲ့ စင်တာတွေက တာဝန်ရှိသူတွေကို မေ ၆ ရက်မှာ တွေ့ဆုံ ထောက်ပံ့ပေးခဲ့တာပါ။
မြို့နယ် တာဝန်ရှိသူတွေက ဘဂျမ်းဌာနေ၊ ပုလဲဌာနေ၊ ပြည်သူ့ရင်ခွင် ဌာနေ၊ P2 ဌာနေ ပြန် ကြားရေးစင်တာက တာဝန်ရှိသူတွေကို ထောက်ပံ့မှုပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။