ပုလဲမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသမှ ကျေးရွာများကို မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီက လူထုနိုင်ငံရေးတရားများဟောပြောခြင်းနှင့် တော်လှန်ရုပ်ရှင်များပြသခဲ့ကြောင်းသိရသည်။
အဆိုပါလှုပ်ရှားမှုတွင် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ Wastern Chindwin Association (WCA) အမျိုးသမီးမဟာမိတ်အင်အားစု (WAB)နှင့်လက်ပံတောင်း တောင်ပင်မ သပိတ်တို့မှရဲ ဘော်များလည်း ပူးပေါင်းဟောပြောမှုများပြုလုပ်ခဲ့ကြပြီး ဒေသပြည်သူလူထု၏ အသံများကို နားထောင်ခဲ့ကြကာ အပြန်အလှန်ဆွေးနွေးခြင်းများ၊ဖြေကြားခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်းသိရသည်။