စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှာ စစ်ဘေးရှောင်နိုင်ရန်အတွက် လမ်းများ ဖောက်လုပ်နေတဲ့အဖွဲ့အား မြို့နယ် ပအဖ၊ လူသားစာနာ တာဝန်ခံ ရပ်ကျေး ပအဖ၊ပကဖ တို့မှ သွားရောက်ကြည့်ရှု့ကာ ငွေကျပ် ၁၅ သိန်း နဲ့ မိုးကာများ ထောက်ပံ့ ပေးခဲ့တယ်လို့ ပုလဲ ပအဖ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မြို့နယ် ပအဖရဲ့ အခွင့်ခွဲတမ်းရငွေမှ အရေးပေါ် ရံပုံငွေ နဲ့ လူသားစာနာ အဖွဲ့မှ ရခဲ့တဲ့ ရံပုံငွေတို့ထဲက တဖွဲ့မှ ၅ သိန်း၊ တဖွဲ့မှ ၁၀ သိန်း ထောက်ပံ့ပေးခဲ့တာပါ။
ဒါ့အပြင် ရှေ့တန်းစစ်မျက်နှာမှာ တာဝန်ထမ်းနေကြတဲ့ ရဲဘော် အားလုံးအတွက် မိုးတွင်း ကာလမှာ အသုံးပြုနိုင်ရန် လူသားစာနာ တာဝန်ခံထံမှာ အလှူရှင်များ လာရောက်လှူဒါန်းထားတဲ့ တကိုယ်ရည်သုံး မိုးကာ ခြုံထည်များလည်း ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။