စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာတွင် ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ နှင့် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံတို့ ပူးပါင်း၍ လေကြောင်းအန္တရာယ် ၊ မြေမြှပ်မိုင်းအန္တရာယ် ၊ စစ်ကျန်လက်နက်ပစ္စည်း ၊ ဗုံးခိုကျင်းစနစ်တကျတူးနိုင်ရန် စသည့် အသိပညာပေးသင်တန်းများ ပြုလုပ်ခဲ့ကြသည်။
ထို့ပြင့ပညာရေးလည်ပတ်ရာတွင် အသုံးပြုရန်အတွက် အလှူရှင်များက လှူဒါန်းသော ၁၅ သိန်းကျပ်ကို ကျေးရွာ ၁၀ ရွာရှိ ဖက်ဒရယ်ပညာရေးကောင်စီကို တစ်ရွာ ၁၅၀,၀၀၀ ကျပ်စီ ထောက်ပံ့ကူညီခဲ့ကြောင်း သိရှိရသည်။