ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများ အဖွဲ့က အိမ်ခြေ ၄၄ အိမ် အတွက် တစ်အိမ်လျှင် ၃၅၀၀၀ နှုန်းဖြင့် ဆန်၊ ဆီ၊ ဒန်အိုး၊ ဒယ်အိုး၊ ဇလုံ၊ ဇွန်း၊ ငါးသေတ္တာ၊ ရေပုံး၊ ရေခွက်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ကုလားပဲနှင့် မားမားခေါက်ခွဲတို့ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။