ပုလဲမြို့နယ်အတွင်း ရက်ရှည်စစ်ဘေးရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားစာနာဝန်ကြီးဌာနက ထောက်ပံ့ကူညီသော ငွေသားအချို့နှင့် ဆန်အိတ်များကို မြို့နယ် လူသား စာနာ တာဝန်ခံမှကူညီပြီး သက်ဆိုင်ရာ ရပ်ကျေးပအဖ၊ပကဖများ၊ကျေးရွာ ဘုန်တော်ကြီးကျောင်းများမှ ဆရာတော်များ၊ပြင်ပအလှူရှင်များ၏ အကူအညီများဖြင့် အစားအသောက်များ ကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် သံဃာတော် ၁၀ ပါးခန့်လည်း ပြည်သူများနှင့်အတူ စစ်ဘေးရှောင်နေရသောကြောင့် ဆရာတော်များ အချိုပွဲ ဘုန်းပေးနိုင်ရန်အတွက် ကျောင်းနေဆရာတော်ကို ဝထ္ထုငွေ ၅၀၀၀၀ ကျပ်ကိုလည်း မြို့နယ် လူသား စာနာ တာဝန်ခံမှလှူဒါန်းခဲ့ကြောင်း သိရှိရသည်။