ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသော မိသားစုဝင် ၅ ဦးကို ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နှင့် ပုလဲမြို့နယ် လူသားစာနာ တာဝန်ခံတို့က ထောက်ပံ့ငွေ ၁၀၀၀၀၀ ကျပ်၊ မိုးကာ ၂ ချပ် နှင့် ခြုံစောင်များ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။