စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် ကျေးရွာတွေမှာ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုလျှော့ချရေး သင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။
“ပုလဲမြို့နယ်မှာ လိင်အကြမ်းဖက်မှု ၊ ဂျန်ဒါခွဲခြားဆက်ဆံမှုတွေ လျော့ချနိုင်ဖို့အတွက် အခုလိုသင်တန်းတွေ ပေးနေတာဖြစ်ပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာ ပုလဲမြို့နယ်တာဝန်ခံ ကပြောပါတယ်။