စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အမျိုးသားညီညွတ် ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနရဲ့ စီမံမှုအောက်မှာရှိတဲ့ ကြားကာလ ပြည်သူ့အခြေပြုကျောင်း ၇ ကျောင်းမှာ တက်ရောက်နေတဲ့ နွမ်းပါးတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးကို ပညာသင်ဆုအဖြစ် Western Chindwin Association က ထောက်ပံ့ ပေးခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသား၊ ကျောင်းသူ တဦးကို ၇ ထောင်ကျပ် နှုန်းနဲ့ ၂၁ ဦးကို ၆ လစာ ထောက်ပံ့စရိတ် အဖြစ် ၈၈၂၀၀၀ ကျပ်ကို ပေးအပ်ခဲ့တယ်လို့ Western Chindwin Association က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
WCA က ယခု ပညာသင်နှစ်အတွက် ပြည်သူ့အခြေပြု ကျောင်း ၁၀ ကျောင်းက နွမ်းပါးတဲ့ ကျောင်းသား/သူ ၃၀ ဦးကို ပညာသင်ဆုများ အသီးသီးပေးအပ်ခဲ့ပြီး၊ လိုက်ပါဆောင်ရွက်ပေးတဲ့ မြို့နယ် ပညာရေး ဘုတ်အဖွဲ့ကို ကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။
နောက်ထပ် ထောက်ပံ့မှု ပြုလုပ်ပေးရမယ့် ပညာအခြေပြု ကျောင်း ၁၂ ကျောင်းက ကျောင်းသူ၊ကျောင်းသား ၃၆ ဦးကို ဆုပေး အပ်ဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
နိုင်ငံအကျိုးပြု အနာဂတ် လူငယ်များပေါ်ထွန်းဖို့အတွက် ကြားကာလမှာ အခက်အခဲမျိုးစုံနဲ့ ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းများအတွက် WCA က တဖက်တလမ်းက ကူညီနေတာဖြစ်ပြီး၊ ပညာရေးနဲ့ တော်လှန်လိုတဲ့ ပြည်သူများမှ ဝိုင်းဝန်းထောက်ပံ့ပေးလိုပါက ဆက်သွယ် နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။