မန္တလေး ၊ ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာအများစု မီတာခ မပေးဆောင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ တစ်လကျော်ကြာ လျှပ်စစ်မီး ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီနေ့အထိ ကျေးရွာ ၁၅ ရွာထက်မနည်း မီးဖြတ်ခံထားရတယ်လို့ သိရပါတယ်။
မီးဖြတ်ခံထားရတဲ့ရွာတွေမှာ လက်ကောင်း၊ ကျောက်မီး၊ သုံးအိမ်၊ သမ္မတော၊ သန့်စင်ကုန်း၊ ဂွေးကြီးကုန်း၊ ရွာရှည်၊ သလဲကုန်း၊ မြို့တော စတဲ့ရွာတွေပါဝင်ပါတယ်။
“တချို့ရွာတွေဆို ထရန်စဖော်မာ ပါ ဖြုတ်သွားတာ၊ လုံးဝကိုမီးပေးတော့တာ”လို့ သလဲကုန်းကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
မီတာခပေးဆောင်တဲ့အိမ်တွေကိုပါ မီးဖြတ်တာဖြစ်ပြီး တစ်ရွာလုံးမီတာပြန်ဆောင်မှ မီးပြန်ပေးမယ်ဆိုတာကို လျှပ်စစ်ဌာနက ဖိအားပေးထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အတွင်းမှာလည်း ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာအချို့ မီတာခမဆောင်လို့ ကာလရှည်ကြာ မီးဖြတ်ခံရတာတွေကြုံခဲ့ရပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအခွန်မရဖို့အတွက် မီတာခအပါအဝင် အခွန်အခတွေကို မပေးဆောင်ဖို့ လူထုက သပိတ်မှောက်ခဲ့တာရှိပါတယ်။
ဒါကို စစ်ကောင်စီက မီတာမဆောင်ရင် မီတာပုံးဖြုတ်သိမ်းတာနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။