ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ် ပိုင်ရှင် ဦးနေမျိုးထက် ကို စစ်တပ်က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ခဲ့ပြီး သတ် ဖြတ်ခံရသူ ဦးနေမျိုးထက်၏ နာရေးကို စစ်တပ်က ဖိအားပေးသဖြင့် ဇူလိုင်လ ၃ ရက်နေ့ ည ၇ နာရီတွင် သဂြိုလ်လိုက်ရကြောင်း မိတ်ဆွေတစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂ ရက်နေ့တွင် ပုသိမ်မြို့ တဂေါင်းဘုရားကုန်းတော်ပေါ်၌ စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ စကားများ ရန်ဖြစ်ပြီး စက်ဘီးစီးနှင်းလာသူက အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက် တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ပိုင်ရှင် ဦးနေမျိုးထက်ကို အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်ပိုင်ရှင် ဦးနေမျိုးထက်ကို ဖမ်းဆီးပြီးနောက် အုပ်ချုပ်ရေးမှူး ဟန်ဝင်းအောင်က ဖြေရှင်းပေးခြင်းမရှိဘဲ တကောင်းဘုရားကုန်းတော်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို အကြောင်းကြားပြီး ဖမ်းဆီး ထားသည့် ဆိုင်ကယ်ပိုင်ရှင် ဦးနေမျိုးထက်ကို လွှဲပေးခဲ့ကြောင်း၊ ဆိုင်ကယ်ပိုင်ရှင်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တဂေါင်းဘုရားကုန်းတော်ပေါ် စစ်ကြော ရေးတွင် စစ်တပ်က ရိုက်နှက်ညှဉ်းပန်းသဖြင့် ဦးနေမျိုးထက် သေဆုံးခဲ့ကြောင်း၊ ယင်းနောက် အလောင်းကို ပြန်ပေးခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ်က ဖိအားပေးသဖြင့် ချက်ချင်း သဂြိုလ်လိုက်ရကြောင်း သိရှိရသည်။
” စက်ဘီးနဲ့ ဆိုင်ကယ် တိုက်မှုကို အုပ်ချုပ်ရေးမှူး ဟန်ဝင်းအောင်က ဖြေရှင်း မပေးဘဲ တကောင်းဘုရားကုန်းတော်ပေါ်မှာ တပ်စွဲထားတဲ့ ခွေးတပ်ကို အကြောင်း ကြားပြီး လွှဲလိုက်တယ်။ ခွေးတွေက ဆိုင်ကယ်ပိုင်ရှင် ဦးနေမျိုး ထက်ကို ဖမ်းခေါ်ပြီး ထုရိုက်တာ ဂေါင်းဘုရားကုန်းတော်ပေါ်မှာတင် သေဆုံး တယ်လို့သိရပါတယ်။ နောက်ဆက်တွဲသတင်းကတော့ ဝိုင်းရိုက်သတ်တဲ့ အထဲမှာ ခွေးတပ်ကဗိုလ်ကြီးရာထူးနဲ့ ၂ ကောင် ပါတယ်လို့သိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဆိုင်ကယ်ပိုင်ရှင် ဦးနေမျိုးထက် သေဆုံးကြောင်းကို အမှတ် ၈ ရပ်ကွက် အုပ် ချုပ် ရေးမှူးရုံးက မဟာဗောဓိရပ်ကွက်ရှိ မိသားစု နေအိမ်ကို လာရောက် အကြောင်းကြားခဲ့ကြောင်း၊ နာရေးဖိတ်စာကို ဇူလိုင်လ ၄ ရက်နေ့မွန်းလွဲပိုင်း ပြုလုပ်ရန် ဖိတ်ကြားခဲ့သော်လည်း စစ်တပ်က ချက်ချင်းသဂြိုလ်ခိုင်းခဲ့ကြောင်း သိရှိရသည်။
“အလောင်းက မနေ့ညက တပ်က ချက်ချင်းသဂြိုလ်ခိုင်းတော့ ညတွင်းချင်း နာရေးချရတယ်။ တစ်မြို့လုံး လိုက်ပို့ကြတယ်။ တိုင်တဲ့သူက ပစ္စည်းလုယက် တယ် ဆိုပြီးနာမည်ဖျက်တိုင်ကြားတယ်။ အပြစ် မရှိဘဲတမင်ကိုအသက် ပေးလိုက် ရတာပါ။ တိုင်ကြားသူက စစ်ကောင်စီ ထောက် ခံအားပေးသူ ဖြစ်နေ တာကြောင့် အခုလိုမဟုတ်ဘဲ အတိုင်ကြားခံရသူ က ညှဉ်းပန်း နှိပ်စက်ခံရပြီး အသက်ပေးလိုက်ရတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။